Local News

ဧည့်မထဆန်(သစ်)၊ ဆန်ကွဲB(2,3,4)၊ ဖွဲနုဈေးများ အနည်းငယ်ကျဆင်း

Last Updated:

ပဲခူးကုန်စည်ဒိုင်တွင် ဆန်မျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ (၂၄.၅.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ်လျှင် (၉၀၀၀ဝိ/-)ကျပ်၊ ဧည့်မထဆန် (မနောသုခ) (သစ်) တစ်အိတ်လျှင် (၇၅၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေး ဆန်တစ်အိတ်လျှင် (၁၃၀၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ်လျှင် (၅၃၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ်လျှင် (၅၁၀၀ဝိ/-)ကျပ် နှင့် ဖွဲနု တစ်အိတ်လျှင် (၁၅၃၀ဝိ/-)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ (၃၁.၅.၂၀၂၄) ရက် နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ်လျှင် (၉၀၀၀ဝိ/-)ကျပ်၊ ဧည့်မထဆန်(မနော သုခ)(သစ်) တစ်အိတ်လျှင် (၇၄၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေး ဆန်တစ်အိတ်လျှင် (၁၃၀၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ်လျှင် (၅၃၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ်လျှင် (၄၉၀၀ဝိ/-)ကျပ် နှင့် ဖွဲနု တစ်အိတ်လျှင် (၁၅၀၀ဝိ/-)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ်လျှင် (၁၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ်လျှင် (၂၀၀ဝိ/-)ကျပ်နှင့် ဖွဲနု တစ်အိတ်လျှင် (၃၀ဝိ/-) ကျပ် ဈေးကျဆင်းခဲ့ပါသည်။ ဧည့်မထဆန်(မနောသုခ)(ဟောင်း)၊ ပေါ်ဆန်းမွှေးဆန်နှင့် ဆန်ကွဲ B (1,2) ဈေးများအနေဖြင့် ဈေးတည်ငြိမ်လျက်ရှိပါသည်။ ဧည့်မထဆန်(မနောသုခ)(သစ်)၊ ဆန်ကွဲ B(2,3,4)နှင့် ဖွဲနု ဈေးကျဆင်းသွားခြင်းမှာ ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်း ဖြစ် ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News